လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဧပြီ ၁

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူးများ အတွက် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်း တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁)၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲ တမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသည် ဖွံ့ဖြိုးမှုမိတ် ဖက်များ၊ ကုလသမဂ္ဂအဖွဲ့ စည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊  ပြည်ပနိုင်ငံများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆက်သွယ်ပေးသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်နှင့် ဘာသာစကား ၂ ခုစလုံးတွင် စွမ်းရည်ပြည့်ဝရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်တင်မှုသင်တန်း ၃ ကြိမ် ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းသစ်များ၏ ဌာနဆိုင်ရာ အသိပညာဗဟုသုတရရှိရန်နှင့် လုပ်ငန်းခွင်တွင်း လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယခုသင်တန်းကိုပို့ချခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိမည့် အသိပညာဗ ဟုသုတများကို ဆက်လက်တိုးပွားအောင် လုပ်ငန်းခွင် နှင့်ပေါင်းစပ်၍ အကျိုးရှိ ရှိအသုံး ပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်းနှင့် စဉ်ဆက်မပြတ် လေ့လာဆည်းပူးစေလို ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့တာဝန်ထမ်းဆောင်သည့် ဝန်ကြီးဌာနအပေါ် သစ္စာရှိရန်နှင့် ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

သင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ၊ ဌာနဖွဲ့စည်းပုံ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဉပဒေရေးရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စောင့် ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအပေါင်း တစ်လွတ်လပ်သော ကုန်သွယ်မှုဒေသများ၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန် များကို သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူ များက ပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီ ၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်သွား မည်ဖြစကြောင်းသိရသည်။

(သတင်းစဉ်)