လုပ်ငန်းခွင်မှာ ဂျင်ဒါတန်းတူညီမျှရန် ၂၅၇ နှစ် ဝေးနေသေးကြောင်း WEF ပြော

၁၈ ဒီဇင်ဘာ

လုပ်ငန်းခွင်အတွင်းမှာ တန်းတူညီမျှတဲ့အခွင့်အရေးရရှိရန် နှစ်ပေါင်း နှစ်ရာကျော် စောင့်ရအုံးမှာဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။ 

 

3409

 

ဂျင်ဒါတန်းတူညီမျှရေးဆိုရာမှာ နိုင်ငံရေး၊ ကျန်းမာရေးနဲ့ ပညာရေးအခန်းကဏ္ဍမှာ အမျိုးသမီးများအတွက် တိုးတက်လာပေမယ့် လုပ်ငန်းခွင်အတွင်းမှာ တန်းတူညီမျှရေးမှာတော့ သက္ကရာဇ် ၂၂၇၆ ခုနှစ်လောက်အထိ စောင့်ရအုံးမှာဖြစ်ကြောင်း ပြောပါတယ်။ 

 

151

 

ဂျနီဗာအခြေစိုက် အဖွဲ့အစည်းရဲ့ နှစ်ပတ်လည် မှတ်တမ်းထုတ်ပြန်ချက်မှာ ၁၅၃ နိုင်တွင်းမှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးများတွင်  ဆန့်ကျင်ဘက်လိင်အတွင်း အခွင့်အရေးကို လေ့လာထားတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ တိုးတက်မှုတွေ တွေ့ရပေမယ့် နောက်ကျကျန်ခဲ့တဲ့ နေရာတွေက အများကြီး ရှိနေပါသေးလို့ ဆိုပါတယ်။ 

နိုင်ငံရေးအခန်းကဏ္ဍမှာတော့ ပြီးခဲ့တဲ့နှစ်ထက် တိုးတက်လာတကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ  အောက်လွှတ်တော်တွင် ၂၅.၂ ရာခိုင်နှုန်းသော အမျိုးသမီးများ ဝင်ရောက်လာပြီး ဝန်ကြီးရာထူးများတွင် ၂၂.၁ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၈ ခုနှစ်ကတော့ ၂၄.၁ ရာခိုင်နှုန်းဟာ လွှတ်တော်တွင်ရှိပြီး ၁၉ ရာခိုင်နှုန်းသာ ဝန်ကြီးရာထူးများမှာ ရှိနေပါတယ်။ 

ယနေ့ခေတ် အလုပ်ခွင်များမှာ အမျိုးသား ၇၈ ရာခိုင်နှုန်းရှိပေမယ့် အမျိုးသမီး ၅၅ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ အရည်ချင်းတူပေမယ့် အဲဒီလုပ်ငန်းခွင်ရဲ့ ရာထူးမှာတော့ အမျိုးသမီးအရေအတွက် ၄၀ ရာခိုင်းနှုန်း အထိ နည်းနေတာကို တွေ့ရပါတယ်လို့ နှစ်ပတ်လည် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

MDN
ကိုးကား AFP