လူဇင်ဘတ်နိုင်ငံ၌ ခရစ္စမတ်ကာလပြီးတဲ့အထိ အသွားအလာကန့်သတ်မှု တင်းကျပ်သွားမယ်ဟု ဝန်ကြီးချုပ်ကြေညာ

၂၂ ဒီဇင်ဘာ

 

လူဇင်ဘတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ထိန်းချုပ်ရန်အတွက် ခရစ္စမတ်ကာလပြီးတဲ့အချိန်ထိ တင်းကျပ်တဲ့ အသွားအလာကန့်သတ်မှု ပြဋ္ဌာန်းမယ်လို့ ဝန်ကြီးချုပ်က တနင်္လာနေ့မှာ ကြေညာပါတယ်။

 

ညမထွက်ရ အမိန့်ကို ဒီဇင်ဘာ ၂၆ ရက်ကစပြီး နှစ်နာရီစော သတ်မှတ်ကာ ည ၉ နာရီကနေ စတင်မှာ ဖြစ်ပါတယ်။ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်အားလုံးကို ပိတ်ထားရန် ညွှန်ကြားထားပါတယ်။ ကျောင်းတွေကိုလည်း ဇန်နဝါရီ ၁၀ ရက်နေ့မှ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

 

လူဇင်ဘတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နည်းလာပေမယ့် အိမ်နီးချင်းနိုင်ငံတွေ ရောဂါပိုးတွေ့ရှိမှု များနေတဲ့အတွက် စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။ 

 

ဗြိတိန်နိုင်ငံမှာ ဗီဇပြောင်း ရောဂါပိုးအသစ် တွေ့ရှိတဲ့အတွက် ဗြိတိန်နဲ့ လေကြောင်းအဆက်အသွယ်ကို ယာယီပိတ်ထားကြောင်း သိရပါတယ်။

 

ဥရောပသမဂ္ဂက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုံးစွဲခွင့်ပြုလိုက်ပြီးနောက် လူဇင်ဘတ်နိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်နေကစပြီး ကာကွယ်ဆေး စတင်ထိုးနှံပေးမယ်လို့ သိရပါတယ်။

 

လူဦးရေ ၆ သိန်းကျော်နေထိုင်တဲ့ ကုန်တွင်းပိတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၄၄၄ ဦးရှိပါတယ်။ လူဦးရေနဲ့ ရောဂါပိုးကြောင့် သေဆုံးသူ အချိုးချကြည့်ရင် ရောဂါပိုးကြောင့် သေဆုံးသူများတဲ့ နိုင်ငံတွေထဲမှာ လူဇင်ဘတ်နိုင်ငံ ပါဝင်တာကို တွေ့ရပါတယ်။

 

 MDN

ကိုးကား - AFP