လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကျင်းပ

နေပြည်တော် မေ ၂၆
    
လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်း တွင် ပြန်လည်ထူထောင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယခုလက်ရှိကာလသည် ကိုဗစ်-၁၉ နောက်ဆက်တွဲအကျိုးဆက် များကြောင့် စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး နှင့် အခြားလူမှုရေးပြဿနာများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုအန္တရာယ်များ အထူးသဖြင့်ရွေ့ပြောင်းသွား လာခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ကြိုတင်တွက်ဆထားရမည် ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ လျော့နည်းလာသည့် ကာလ ဖြစ်သည့်အတွက် တဖက် နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာခြင်း အစီအမံများ၊ သတင်းအချက်အလက်များ၊ လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေး အစီအမံများကို ကြိုတင်ချမှတ် ဆောင်ရွက်ထားရန်  အထူးလိုအပ်ပါကြောင်း၊ လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းသွားလာ ခြင်းသည် ချိတ်ဆက်နေသည့်အတွက် တရားဝင်‌ရွှေ့ပြောင်းသွားလာခြင်းဖြစ်ရန် ဝိုင်းဝန်းကြိုးစားစေလိုကြောင်း၊ ကာကွယ်ရေးလုပ်ငန်းများသည် မိမိတို့လုပ်ငန်းအဖွဲ့ အနေဖြင့်   အဓိကတာဝန်ယူထားရသည့် လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း အားလုံးဝိုင်းဝန်းဆောင်ရွက်လျင် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက “လူကုန်ကူးခံရသူများကို ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့၏ လုပ်ငန်းဆောင်ရွက် ချက် များ ကို  ရှင်းလင်းတင်ပြသည်။
    
ထို့နောက် တက်ရောက်လာသူများက လူကုန်ကူးခံရသူများကို ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အခြေအနေများကို တင်ပြဆွေး နွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)