လူများ ဖမ်းဆီးတာကြောင့် ယခုနှစ် ဆောင်းခိုငှက် များရှားပါးလာ

နေပြည်တော် ၂ ဇန်နဝါရီလ

 

ပုလိပ်အင်း တောင်အင်းမြောက်အင်း တောင်သမန်အင်း ယင်းအင်း၃ခုရှိ အင်းများတွင် ယခုနှစ်အတွင်း ဆောင်းခိုးငှက်များ လာရောက်ခိုလှုံမှုနည်းပါးလာကြောင်း မန္တလေးပတ်ဝန်းကျင် ငှက်စောင့်ကြည့်
လေ့လာသူ ဦးမွှေး ထံကသိရသည်။

 

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် ဆောင်းခိုငှက် ဝင်ရောက်ရာနေရာ ၁၅ခု ခန့်ရှိနေပြီး မြန်မာနိုင်ငံသည် ဆောင်းခိုငှက် များဖြတ်သန်းရာ လမ်းကြောင်းနှစ်ခုပေါ်တွင်ရှိနေသည်။

"ဒီနှစ်က ဆောင်းခိုငှက်ဝင်ရောက်မှုနည်းတယ်။ ကျွန်တော်တို့ မန္တလေးနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အင်းတွေမှာ ဆောင်းခိုငှက်တွေကို ဆေးချပြီးဖမ်းတာတွေဘာတွေရှိတယ်။ သတ်စားတာမျိုးထိရှိလာတာကြောင့် ဆောင်းခိုငှက်တွေ မနှစ်ကထက်အရမ်းရှာလာတာပါ" ဟု၎င်း ကပြော သည်။

 

မြန်မာနိုင်ငံအတွင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်ရာ ရာသီသည် ၂၀၁၆ ခုနှစ်နိုဝင်ဘာလ မှ ၂၀၁၇ခုနှစ်မတ်လ ဒုတိယအပတ်ထိဖြစ်သည်။ ယခုနှစ် ဆောင်းရာသီတွင်ငှက် မျိုးစိတ်အသစ်များ ဝင်ရောက်မှုများ မရှိသလောက် ရှားပါးလာကာ ဝင်ရောက်မှုပိုမိုနည်းသွားခဲ့သည်။

 

"ဆောင်းခိုငှက်တွေက လူတွေအရမ်းကြောက်ကြတာ ခုဟာက အင်းတွေဘေးမှာက လူသွားလူလာတွေ အရမ်း များတယ်။ နောက်ပြီးကားလမ်းတွေဘာတွေဖောက်လိုက်တော့ ပိုဆိုးတာပေါ့။ ဆောင်းခိုဌက် တွေက ကြောက်ပြီးသိပ်မလာကြတော့ဘူး"ဟု၎င်းကဆက်ပြောသည်။

 

မန္တလေးမြို့အနီးတစ်ဝိုက် အတွင်းရှိ ဆောင်းခိုငှက်များသည် ဝင်ရောက်ခိုလှုံမှုနည်းပါးသည့် အပြင်ယခုနှစ်အတွင်း အစောဆုံးထွက်ခွာသွားကြောင်း သိရပါသည်။ ဆောင်းခိုငှက်များသည် ရေများရှိသည့် နေရာများနှင့် ရွံ့များရှိသည့်နေရာများတွင်သာ အနေများပြီး ယခုအခါမှာ ရေများရှားပါးလာသည့်အတွက် ကြောင့် အစောဆုံးထွက်ခွာသွားကြကြောင်း၎င်းကဆိုသည်။

 

နေသူရိန်လင်း (MDN)