လူမှုကွန်ရက်ပေါ်က အကြမ်းဖက် လှုံ့ဆော်မှုများကို တားဆီးရန် ကြိုးပမ်းနေသည့် ဗြိတိန်

ဝါရှင်တန် ၁၀ နိုဝင်ဘာ


စစ်သွေးကြွများနှင့် တရားဥပဒေ စိုးမိုးမှုကြားမှာ လူမှုကွန်ရက်ကို လက်နက်တစ်ခု အဖြစ် အသုံးပြုနေကြကြောင်း ဝန်ကြီးချုပ် ထရီဇာမေ ဦးဆောင်နေသည့် ကွန်စာဗေးတစ်ပါတီ အစိုးရ၏ အတွင်းရေးမှူး အမ်ဘာရော့ဒ်က ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ညက ပြောကြားခဲ့ပါတယ်။


ဗြိတိန်အစိုးရနဲ့ ကုမ္ပဏီတွေ အကြားမှာတော့ ကနဦးပိုင်းကတည်းက စစ်သွေးကြွများ၏ လှုံ့ဆော်မှုများကို အင်တာနက် စာမျက်နှာများပေါ်တွင် တက်လာပါက နာရီပိုင်းအတွင် ဖယ်ရှားပစ်နိုင်ရန် လုပ်ဆောင်ထားကြောင်း သိပေမဲ့ ကုမ္ပဏီတွေအနေနဲ့ အဆိုပါ လှုံ့ဆော်မှုများကို အင်တာနက်ပေါ်တက်မလာခင် အလိုအလျှောက်ရှာဖွေနိုင်သည့် ထောက်လှမ်းရေး စနစ်မျိုးနဲ့ ဖြန်ချိမှုများကို ပိတ်ပစ်နိ်ုင်ရန် လုပ်ဆောင်သင့်ကြောင်း ပြောဆိုထားပါတယ်။

 


၂၀၁၇ ခုနှစ် အစပိုင်းမှာ စစ်သွေးကြွများ၏ အကြမ်းဖက်မှုလုပ်ရပ် ၄၀ဝဝဝ ကျော်ကို အင်တာနက် စာမျက်နှာများပေါ်မှာ တွေ့ခဲ့ရပြီး အမ်ဘာရော့ဒ်ဟာ Facebook, Twitter, Youtube, Google အပါအဝင် Silicon Vallery ရှိကုမ္ပဏီ တွေကို အဆိုပါ လှုံဆော်မှုတွေကို ပိုမို ဖယ်ရှားပစ်နိုင်ဖို့ တိုက်တွန်းထားကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ အကြမ်းဖက်သမားများ၏ လှုံဆော်မှုတစ်ဝက်လောက်ကို တင်ပြီးပြီးချင်း နှစ်နာရီအတွင်း ဖယ်ရှားနိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် သုံးပုံ နှစ်ပုံထိ တိုးတက်ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ Youtube မှာဆိုရင် အကြမ်းဖက်မှု အားပေးသည့် ဗီဒီယိုများ၏ ၈၃ ရာခိုင်နှိုင်းကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။

 


ဒါပေမဲ့ အမ်ဘာရော့ဒ်ကတော့ ကုမ္ပဏီတွေအနေနဲ့ အန္တရာယ်ရှိတဲ့ လှုံဆော်မှုတွေကို ဒီထက်ပိုပြီး လျှင်လျှင်မြန်မြန်နဲ့ ဖယ်ရှားပစ်နိုင်ဖို့ အားသန်နေတာကို တွေ့ရပါတယ်။


(MDN)