လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

ပန်းတောင်း  ၁၈ ဇွန်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး  လူမှုဖူလုံရေးရုံးတိုင်းဒေသကြီးတာဝန်ခံ အရာရှိမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေပါကိစ္စရပ်များနှင့် အကျိုးခံစားခွင့်များအကြောင်း သိကောင်းစရာများ ပြောကြားခဲ့သည်။ 


ဆက်လက်၍ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့် သစ်ထုတ်ရေး ယာဉ်ယန္တရားနယ်မှ အာမခံ အလုပ်သမားဦးတင်ဦး၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၅၉၄၀ဝ၀ဝ နှင့် အာမခံအလုပ်သမား ၁၀ ဦး၏ ငွေကြေးအကျိုးခံစားခွင့် ငွေကျပ် ၁၉၇၉၉၁၆/၁၄ (ကျပ်တစ်ဆယ့် ကိုးသိန်းခုနှစ်သောင်းကိုးထောင်ကိုးရာတစ်ဆယ့်ခြောက်ကျပ် ၁၄ ပြားတိတိ)၊ စုစုပေါင်း ငွေကျပ် ၇၉၁၉၉၁၆/၁၄ (ကျပ်ခုနှစ်ဆယ့်ကိုးသိန်းတစ်သောင်းကိုးထောင် ကိုးရာတစ်ဆယ့် ခြောက်ကျပ် /၁၄ပြား တိတိ) အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား သစ်ထုတ်ရေး ယာဉ်ယန္တရားမှ လက်ထောက်မန်နေဂျာ ဦးအောင်နိုင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သင်းသင်းအေး (ပြန်/ဆက်)