လူသားချင်းစာနာထောက်ထားမှုအခြေအနေဆိုးရွားနေသည့် ဂါဇာကမ်းမြောင်တွင် ကူးစက်ရောဂါ ကြောက်ခမန်းလိလိထပ်မံဖြစ်ပွား

ဂါဇာ  ဒီဇင်ဘာ   ၁၄

ဂါဇာကမ်းမြောင်ဒေသ    ကျန်းမာရေးအာဏာပိုင်များက  ကူးစက်ရောဂါခံစားနေရသူ  အရေအတွက် မြင့်တက်လာသည့်အပေါ် သတိပေးထားသည်။

ဂါဇာကမ်းမြောင်ဒေသတစ်လျှောက် ကူးစက်ရောဂါ အတည်ပြုလူနာအရေအတွက်  ၃၂၀၀၀၀ ထက် ကျော်လွန်လာကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ကျန်းမာရေးအာဏာပိုင်များက     ပြောကြားလိုက်သည်။

အောက်တိုဘာလလယ်မှစကာ    အသက်ရှူလမ်းကြောင်းဆိုင်ရာ    ကူးစက်ရောဂါဖြစ်ပွားသူ  ၁၂၉၂၃၀   နှင့်    ကူးစက်ရောဂါအတည်ပြုလူနာ    ၉၄၈၅၈   ဦးရှိကြောင်း   အစီရင်ခံဖော်ပြခဲ့သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  (ဒဗလျူအိတ်ချ်အို)က ဒီဇင်ဘာ ၇  ရက်က ပြောကြားခဲ့သည်။

ရောဂါကူးစက်ဖြစ်ပွားခြင်းသည် လူဦးရေထူထပ်သောစခန်းများရှိ  ရေဆိုးစနစ် ညံ့ဖျင်းသောကြောင့် ဖြစ်ကြောင်းနှင့်  ဂါဇာကမ်းမြောင်ဒေသတွင် မိုးရာသီ   စတင်ဝင်ရောက်လာပြီဖြစ်သောကြောင့် ယခုထက်   ပိုမိုရောဂါကူးစက်ပြန့်ပွားမည်ကို   စိုးရိမ်လျက်ရှိသည်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံးက   ကူးစက်ရောဂါကူးစက်ပျံ့နှံ့ခြင်း က လက်ရှိဖြစ်ပေါ်နေသော ကျန်းမာရေးစနစ်အပေါ် ဝန်ပိုပိပြီး ဆိုးသည်ထက်ဆိုးစေမည်ဖြစ်ကြောင်း နှင့် သေဆုံးသူများနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ