လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြပြီး အထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို ကြင်နာနွေးထွေးစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရမည်

နေပြည်တော် ဧပြီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာ သည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် အာဟာ ရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌ ဦးရွှေထွန်းအောင် က ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ၏ အချက်အလက်များနှင် သမိုင်း အကျဉ်း၊  ဘိုးဘွားများ၏ စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာများကို စောင့် ရှောက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဘိုးဘွားရိပ်သာအတွက် အလှူရှင်များက လှူဒါန်း လျက်ရှိသကဲ့သို့ နိုင်ငံတော်မှလည်း နှစ်စဉ် ထောက်ပံ့လှူဒါန်းပေးလျက်ရှိမှု၊ ဘိုးဘွား ရိပ်သာတွင် ဂိလာန အဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး ဘိုးဘွားရိပ်သာ၏ လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးနိုင်ရေးနှင့် ဘိုးဘွားများ၏ ကျန်းမာရေး၊ နေထိုင်ရေး နှင့် စားသောက်နေထိုင်ရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဗုဒ္ဓဘာသာတွင်သာမက အခြားဘာသာများ တွင်လည်း မိမိတို့ထက် အသက်အရွယ်ကြီးရင့်သူများကို ပြုစုစောင့်ရှောက်ခြင်းသည် ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဘိုးဘွားများကို စောင့်ရှောက်လျက် ရှိသူများအနေဖြင့် ဘိုးဘွားများ ကိုယ်စိတ်နှလုံးရွှင်လန်းစွာဖြင့် နေထိုင်စေရေးဆောင် ရွက်ပေးရန်လိုကြောင်း၊ ဘိုးဘွားများအနေဖြင့်လည်း မိမိတို့ဘဝအတွက် အကောင်း ဆုံး အခြေအနေကိုရောက်ရှိနေပြီဟု နှလုံးသွင်းပြီး ကုသိုလ်ဘာဝနာများ ပွားများ၍ စိတ်နှလုံးရွှင်လန်းစွာဖြင့် နေထိုင်နိုင်ရန်လိုကြောင်း၊ လူသားတိုင်းသည် အသက်အရွယ် မရွေး နွေးထွေးကြင်နာမှုကို လိုလားကြကြောင်း၊ အထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို နွေးထွေးစွာဖြင့် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စိတ်ကျန်းမာမှသာ ကိုယ်ကျန်းမာမှုကို အထောက်အကူပြုမည်ဖြစ် ပြီး ယခုကဲ့သို့ ဘိုးဘွားများကို ကျန်းမာစွာဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ ယခုထက်အသက်ရှည်ကျန်းမာစွာဖြင့် နေထိုင်နိုင်ကြစေရန် ဂါရဝပြု ဆုမွန် ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို တစ်ဦးချင်း လက်ရောက်ဂါရဝပြု ပေးအပ်လှူဒါန်း ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့် ဇနီးများကလည်း သက်ကြီးဘိုးဘွား များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် အဘိုးအဘွားများကိုယ်စား အသက် ၉၃ နှစ်ရှိ အဘွား ဒေါ်မစောခိုင် က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုယ်တိုင် ကိုယ်ကျ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ ကြောင်းနှင့် ဆုမွန်ကောင်းစကားများပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘိုးဘွားရိပ်သာအတွင်းရှိ စားရိပ်သာနှင့် ဘိုးဘွားအိပ်ဆောင်များ အတွင်း  လှည့်လည်ကြည့်ရှု၍ ဘိုးဘွားများ စိတ်အေးချမ်းမြေ့စွာဖြင့် နေထိုင်နိုင်ရေး လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများကို မှာကြားကာ ကျန်းမာရေး အခက်အခဲကြောင့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသည့် သက်ကြီးဘိုးဘွား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး တို့က သက်ကြီးဘိုးဘွားများအတွက် စုပေါင်းအလှူငွေများကို ပေးအပ်ရာ ရိပ်သာ ကော်မတီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အဆိုပါ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာကို ၁၉၈၄ ခုနှစ်တွင် သင်္ဂနက် ကျေးရွာ၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် စစ်တွေမြို့၊ မေယုလမ်း၊ ဓညဝတီ(က) ရပ်ကွက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိပ်သာတွင် အဘိုး ၉ ဦး၊ အဘွား ၃၂ ဦး တို့ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အသက်အကြီးဆုံး အဘွားမှာ ၉၃ နှစ်ဖြစ်ပြီး အသက်အကြီးဆုံး အဘိုးမှာ ၈၆ နှစ်ဖြစ်ကြောင်း နှင့် ဘိုးဘွားများ၏ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်