နေပြည်တော် ဇူလိုင် ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းရှေ့သတ်မှတ်နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံ့ကော်ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သတ်မှတ်နေရာများတွင် ကံ့ကော်၊ မန်ဂျန်ရှား၊ ယမနေ၊ ပျဉ်းကတိုး၊ ပိတောက် စသည့် အရိပ်ရနှစ်ရှည်ပင်နှင့် ပန်းအလှပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်