လယ်ဝေးမြို့နယ် လေဘေးသင့်ကျေးရွာများရှိ ပြည်သူများအနက် ၅၉ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေး

လယ်ဝေး မေ ၁

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်နှင့်  မြို့နယ်ရုံးမှဝန်ထမ်းများသည် လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့၌ ကျေးရွာသူ၊ ကျေးရွာသားများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဧပြီ ၃၀ ရက်က ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်နှင့် မြို့နယ်ရုံးအနေဖြင့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂၃ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝေကြည် (ပြန်ဆက်)