လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးမှ အလှူငွေ(၁၀)သိန်း လာရောက်လှူဒါန်း

လယ်ဝေး မေ ၁

 

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများသို့ စေတနာရှင်များက အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများအား နေ့စဉ် လာရောက် လှူဒါန်းလျက်ရှိသည်။

 

အဆိုပါ လေဘေးသင့်ကျေးရွာများသို့ ကွယ်လွန်သူ ဟာသအနုပညာရှင်ကြီး ဦးဝင်းနိုင်အားရည်စူး၍ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးမှ လှူဒါန်းသည့် အလှူငွေကျပ်(၁၀)သိန်းအား ဧပြီ ၃၀ ရက်က ဟာသပညာရှင် ဦးဒိန်းဒေါင်၊ ဦးငြိမ်းချမ်းနှင့် ဦးအုန်းသီးတို့က ကိုယ်စား လာရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။ ထို့နောက် ဟာသအနုပညာရှင်များက ကျေးရွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ဝေကြည်(ပြန်/ဆက်)