လယ်ဝေးမြို့နယ်၌ ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ ဘေးတွဲသုံးဘီးဆိုင်ကယ်ကို ဝင်တိုက်မှုကြောင့် တစ်ဦးသေဆုံး

နေပြည်တော် ၁၅  ဩဂုတ်

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ဩဂုတ် ၁၃ ရက် ည ၈ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာနေ  မိုးဝင်း(၃၅)နှစ် မောင်းနှင်လာသော NPW ၆၉ယ/---- KENBO-110  ဆိုင်ကယ်သည် အေလာလမ်းဆုံဘက်မှ သပြေပင်ရွာဘက်သို့ တစ်ဦးတည်း မောင်းနှင် လာစဉ်  တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ သာဝတ္ထိရပ်ကွက်နေ ဇော်ဝင်းအောင် (၃၅)နှစ် မောင်းနှင်ပြီး နောက်တွင် သန့်ဇင်ဦး လိုက်ပါလာသည့် ဘေးတွဲသုံးဘီးဆိုင်ကယ်၏ ဝဲဘက်ခြမ်းကို  ဝင်ရောက်တိုက်မိခဲ့ပြီး  မိုးဝင်းနှင့် ဇော်ဝင်းအောင်တို့တွင် ဒဏ်ရာများရရှိကာ ဆေးရုံသို့ပို့ဆောင်စဉ် ဇော်ဝင်းအောင်မှာ သေဆုံးသွားသဖြင့် မိုးဝင်းအား လယ်ဝေးမြို့နယ်၊ အေလာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)