လီလောင်းဝီ  ဇန်နဝါရီ  ၂၃

မာလာဝီနိုင်ငံ၌ နိုဝင်ဘာလအစောပိုင်းမှစကာ မိုးရာသီကာလအတွင်း  လူပေါင်း  ၃၁ ဦး  သေဆုံးပြီး အိမ်ထောင်စု   ၃၁၄၁၃ စု  ရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မာလာဝီနိုင်ငံ၌ မိုးရာသီကာလအတွင်း  မိုးကြိုးပစ်ခြင်းကြောင့် ၂၁ ဦးသေဆုံးပြီး မုန်တိုင်းတိုက်ခတ် ခြင်းကြောင့်    အဆောက်အအုံပြိုကျသဖြင့်   ကိုးဦး သေဆုံးကြောင်း နိုင်ငံ၏ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ဒီအိုဒီအမ်အေ)က   ဇန်နဝါရီ  ၂၁ ရက်  နောက်ဆုံးထုတ်ပြန်သည့်   သတင်း အချက်အလက်များအရ သိရသည်။

 အလားတူ မာလာဝီနိုင်ငံ၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က သဘာဝဘေးကြောင့် ၁၁ ဦး သေဆုံးပြီး အိမ်ထောင်စု ၁၀၈၃၃ ဦးမှာ ထိခိုက်ခံစားခဲ့ရသည့် ပမာဏထက်  သိသိသာသာတိုးလာကြောင်း   သိရသည်။ ဒဏ်ရာရရှိသူ စုစုပေါင်းမှာလည်း ၇၉ ဦးမှ ၃၈၂ ဦးအထိ တိုးလာကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆိုသည်။

အဆိုပါသေဆုံးသူအရေအတွက်မှာ ဒီဇင်ဘာလလယ်အတွင်း    အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း    ချီဒို ကြောင့် သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၂၉ ဦး မပါဝင်သေးကြောင်း သိရသည်။

နိုင်ငံ၏ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ များနှင့်ပူးပေါင်းပြီး သဘာဝဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးအကူအညီများပေးခဲ့ကြောင်း သိရ သည်။                                                  

ဆင်ဟွာ