မာလီမှာ ဂျီဟတ်စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိရာ ပြင်သစ်စစ်သား ၁၃ ဦးသေဆုံး

၂၇ နိုဝင်ဘာ

မာလီနိုင်ငံမြောက်ပိုင်းက ဂျီဟတ်စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိရာ ပြင်သစ်စစ်သား ၁၃ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့က အတည်ပြုပြောကြားပါတယ်။ အခုဆုံးရှုံးမှုဟာ နှစ်လေးဆယ်နီးပါးအတွင်း ဖြစ်စဉ်တစ်ခုတည်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပါတယ်။ 

 

22

 

ရဟတ်ယာဉ်နှစ်စင်းဟာ တင်္နလာနေ့က ဘူကီနာဖာဆိုနဲ့ နိုက်ဂျာ နယ်စပ်မှာ ဒေသစံတော်ချိန် ည ၇ နာရီ ၄၀ မိနစ် မှောင်မဲနေချိန်တွင် တိုက်မိခဲ့တာဖြစ်ပါတယ်။  ဘာကြောင့် တိုက်မိတယ်ဆိုတာကို စုံစမ်းစစ်ရေး စတင်နေပြီဖြစ်ပါတယ်။ မာလီနိုင်ငံကို ပြင်သစ်စစ်တပ် စေလွှတ်ထားတာ ၂၀၁၃ ခုနှစ်ကစပြီး ဖြစ်ပါတယ်။ ဂျီဟတ်အဖွဲ့တွေနဲ့ ရင်ဆိုင်နေတဲ့ မာလီ၊ မူရီတန်နီးယား၊ နိုက်ဂျာ၊ ဘူကီနာဖာဆို နဲ့ ချတ် နိုင်ငံတပ်တွေကို အကူအညီပေးရန် ပြင်သစ်တပ်သား ၄၅၀၀ ကို စေလွှတ်ထားတာဖြစ်ပါတယ်။

 

92

 

ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖရောရင့်စ် ပါလီက အသေအပျောက်များတဲ့ ရဟတ်နှစ်စင်း တိုက်မိတဲ့အတွက် အကြမ်းဖက်တွေနဲ့ တိုက်ခိုက်နေတဲ့ သူမ နိုင်ငံက စစ်တပ်ကို ပြန်ခေါ်မှာ မဟုတ်ဘူး။ ပြင်သစ်တပ်တွေက မာလီ၊ နိုက်ဂျာ နဲ့ ဘူကီနာဖာဆို နိုင်ငံတွေရဲ့ စစ်တပ်တွေနဲ့ ညီရင်းအကိုပမာ လက်တွဲပြီး အဲဒီနိုင်ငံတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရအောင်အထိ တိုက်ခိုက်သွားမယ် လို့ ပြောဆိုပါတယ်။ 

 

261

 

မာလီသမ္မတ အီဘရာဟမ် ဘိုဘာကာကီတာ က ပြင်သစ်သမ္မတ ဆီကို စာရေးပြီး “မာလီနဲ့ ဆာဟဲနိုင်ငံတွေအတွက် ပြင်သစ်စစ်သားတွေ သေဆုံးခဲ့ကြတယ်။ ဆုံးရှုံးမှုက ကြီးမားပါတယ်။ ဒါပေမယ့် ဆာဟဲဒေသက ဒီစစ်သားတွေရဲ့ ရဲရင့်မှုကို မျှဝေပါတယ်”လို့ ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။ 

 

6610

 

အခုဖြစ်စဉ်အပါအဝင် ဆာဟဲဒေသမှာ ပြင်သစ်တပ်သား သေဆုံးသူ ၄၁ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP