မာလီနိုင်ငံ၏ အတိုက်အခံပါတီခေါင်းဆောင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

ဘမာကို(မာလီ)  ၊ ၂၅  ဒီဇင်ဘာ 

မာလီနိုင်ငံ၏ အတိုက်အခံပါတီခေါင်းဆောင် ဆိုမေလာစီးစ်သည် ယခုနှစ်အစောပိုင်းက ဓားစာခံအဖြစ် ခြောက် လကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုနှင့် ပါတီက ယနေ့ပြောကြားသည်။

အသက် ၇၁ နှစ်အရွယ် စီးစ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီးနောက် ဆေးဝါးကုသမှုခံယူလျက်ရှိရာ ပြင်သစ်နိုင်ငံတွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

စီးစ်သည် နိုင်ငံ၏ အရှေ့မြောက်ဘက် တိမ်ဘူတူဒေသတွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ် ဆောင်နေစဉ် ယခုနှစ် မတ် ၂၅ ရက်က စစ်သွေးကြွများ၏ ဖမ်းဆီးခေါ်ဆောင်မှု ခံခဲ့ရသည်။ 

သို့သော် စီးစ် သည် ခြောက်လကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ပြီးနောက် ယခုနှစ် အောက်တိုဘာလာက ဖမ်းဆီး ထိန်းသိမ်း ခံရသော စစ်သွေးကြွအကျဉ်းသား ၂၀၀ ခန့်နှင့် လဲလှယ်ပြီး ပြင်သစ်အမျိုးသမီး ဆိုဖီပီထရွန်နင်နှင့် အီတလီ နိုင်ငံသားနှစ်ဦးနှင့် အတူ စစ်သွေးကြွတို့၏ လက်ထဲမှ ပြန်လည်လွတ်မြောက်ခဲ့သည်။

“စစ်သွေးကြွတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုခံရစဉ် ရုပ်ပိုင်းနဲ့ နှုတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု တစ်စုံတစ်ခုမျှ မခံရပါဘူး” ဟု စီးစ်က စစ်သွေးကြွတို့၏ လက်ထဲမှ လွတ်မြောက်ခဲ့ပြီးနောက် ပြောကြားသည်။

အင်ဂျင်နီယာနှင့် အိုင်တီပညာရပ် အထူးကျွမ်းကျင်သောစီးစ်သည် မာလီနှင့် ပြင်သစ်နိုင်ငံတို့တွင် ပညာသင် ယူခဲ့ပြီး မာလီနိုင်ငံသို့ ပြန်မလာခင် ပြင်သစ်နိုင်ငံရှိ အဓိကကုမ္ပဏီကြီးများတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရ သည်။

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ