မာန်အောင်မြို့နှင့် ၄၄ မိုင်ခန့်အကွာ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှား

နေပြည်တော် ၅ ဇူလိုင်

 

၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၆)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ တောင်ဘက် (၉၈) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ့ပင်လယ်ပြင်၊ မာန်အောင်မြို့၏ အနောက်-အနောက်တောင်ဘက် (၄၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၇၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.ဝ၈) ဒီဂရီ၊ အနက် (၇၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

 

MDN