မာန်အောင်မြို့နယ်၌ ဆိုင်ကလုန်းချာတာများတွင် မုန်တိုင်းခိုလုံသည့် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့

မာန်အောင် မေ ၁၂

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မုန်တိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းခိုလုံရန် ဆိုင်ကလုန်းချာတာများသို့ ​ရွှေ့ပြောင်းပေးပြီး စာနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၁၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဥ်ဖြင့် ထောက်ပံ့သော စားနပ်ရိက္ခာများကို တာဝန်ရှိသူများက ခအုန်းမော်ကျေးရွာ၊ သိမ္ဘလကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ ပန်းဖဲကျေးရွာ၊ ရေမျက်ဝကျေးရွာ၊ ကျီချောင်းဝကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျူကျေးရွာ၊ ကမားကျေးရွာ၊ ကအီးကျေးရွာ စသည့် ဆိုင်ကလုန်းချာတာများတွင် လာရောက်ခိုလုံကြသည့် ဒေသခံပြည်သူ အိမ်ထောင်စု ၂၂၀၇ စု၊ အမျိုးသား ၂၃၈၂ ဦး၊ အမျိုးသမီး ၂၄၄၇ ဦး စုစုပေါင်း ၄၈၂၉ ဦးတို့အား ဆန် အိတ် ၁၉၀၊ ဆီ ပိဿာ ၁၉၀၊ ငါး ပိဿာ ၉၀၊ ဆား ပိဿာ ၉၀ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သိန်းဖေ(ပြန်/ဆက်)