မာန်အောင်တွင် ကျောင်းအခြေပြုလုပ်ငန်းခွင်တွင်း ဆရာအတတ်ပညာအစီအစဉ် မြို့နယ်အဆင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

မာန်အောင်   ၂၅   စက်တင်ဘာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၁၉/၂၀၂၀ပညာသင်နှစ် ကျောင်းအခြေပြု လုပ်ငန်းခွင်တွင်း ဆရာအတတ်ပညာအစီအစဉ်မြို့ နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်၉နာရီက အခြေခံပညာအထက်တန်းကျောင်း အောင်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်သိန်းကြည်က အဖွင့်အမှာစကားပြောကြားပြီး  သင်တန်းကိုသင်တန်းကြီးကြပ်ဆရာ၃ဦး၊နည်းပြဆရာ၆ဦးဖြင့် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးရေး၊ဆရာအတတ်ပညာဖွင့် ဆိုချက်၊ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး သက်ကြီးသင်ယူမှု ကျောင်းအုပ်ကြီးများ၏ အခန်းကဏ္ဍနှင့် ဦးဆောင်လမ်းညွှန်ကောင်းတစ်ယောက်၏ အရည်အသွေးများ စသည့်သင်ခန်းစာများကိုပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းသို့အထက်တန်း၊အထက(ခွဲ)နှင့်အလကကျောင်းများမှကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့်မူလတန်းဆရာတစ်ဦး၊မူလတန်းကျောင်းအုပ်ကြီးများအားလုံးစုစုပေါင်း ၁၃၀ တက် ရောက်ကြပြီး သင်တန်းကာလမှာ ၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)

fsdfuj