မာနေး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး  ဗီလာနှင့်ပွဲကို လွဲချော်မည်

၃ အောက်တိုဘာ

လီဗာပူးတိုက်စစ်မှူး မာနေးက ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး မနက်ဖြန်မှာ ကစားမယ့် ဗီလာနဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ ယခုလို မာနေးတစ်ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာကြောင့် အယ်လ်ကန်တာရာနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ ဒုတိယမြောက် လီဗာပူးကစားသမားဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဘက်ကလည်း မာနေးအနေနဲ့ ရောဂါလက္ခဏာ အနည်းငယ်ပြသမှုရှိတာလွဲရင် ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ကံကောင်းခဲ့တာ တစ်ခုက ဗီလာနဲ့ ပွဲပြီးရင် နိုင်ငံတကာပွဲတွေ ပြန်စမှာဖြစ်တာကြောင့် ဗီလာနဲ့ တစ်ပွဲသာ မာနေးကို ဆုံးရှုံးဖို့ ရှိနေတာပါ။ မာနေးဟာ လက်တလောမှာတော့ တစ်ဦးတည်း သီးသန့်နေထိုင်နေပြီး ကိုဗစ်-၁၉ စည်းမျဉ်းတေွအတိုင်း လိုက်နာနေထိုင်နေပါတယ်။ မာနေးဟာ စက်တင်ဘာ ၂၈ ရက် အာဆင်နယ်ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ လီဗာပူးအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ကတော့ မာနေးနဲ့ အယ်လ်ကန်တာရာနှစ်ဦးစလုံး နိုင်ငံတကာပွဲတွေ ပြီးချိန်ကျ  လီဗာပူးအတွက် ပြန်ကစားဖို့ အသင့်ရှိနေလိမ့်မယ်ဖြစ်ကြောင်း ပရိသတ်တွေကို သတင်းစကား ပါးခဲ့ပါတယ်။

မေလဲ့သင်း