မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား သက်ကြီး အနုပညာရှင်များနှင့် MRTV – 4 ဇာတ်လမ်းတွဲ သရုပ်ဆောင်များ လေ့လာဖူးမြော်ကြည်ညို

 

နေပြည်တော်၊ မေ ၇

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ကြသည့် သက်ကြီးအနုပညာရှင်များအဖွဲ့ နှင့် MRTV – 4 ဇာတ်လမ်းတွဲ သရုပ်ဆောင်များ ပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် လာရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။

 

ထိုသို့ လေ့လာဖူးမြော်ကြည်ညိုကြသည့် အဖွဲ့များအား တာဝန်ရှိသူတစ်ဉီးက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/၃/၄) တို့ကို ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီး ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီးနှင့် သာသနိက အဆောက်အဉီ စိမ်းလန်းစိုပြေသာယာ လှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက် အဉီများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

mdn

 

ထို့နောက် လာရောက်လေ့လာဖူးမြော်ကြည်ညိုကြသည့် အဖွဲ့များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဉီ များ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုများကို လှည့်လည်လေ့လာ ကြည့်ရှုကြသည်။

 

သတင်းစဉ်