မာရဝိဇယကျောင်းတော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်းနှင့်  သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိ သုံဂါမ သိမ်တော်ကြီးသို့ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

 

နေပြည်တော်   ဇွန်  ၂၈

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယကျောင်းတော်သို့ ဗုဒ္ဓရုပ်ပွားတော်  ပင့်ဆောင်ပူဇော်ခြင်းနှင့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်ကြီးသို့ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားတို့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်ပူဇော်သည်။         

 

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ကြသည်။

 

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့  တည်ဆောက်လှူဒါန်း သည့် မာရဝိဇယ ကျောင်းတော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ဦးစွာကျင်းပရာ “နမောတဿ”   သုံးကြိမ်ရွတ်ဆို   ဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်သည်။

 

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ နှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆို ပူဇော်ကြသည်။

ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော် စာတမ်းကိုဖတ်ကြားပြီး မင်္ဂလာအချိန်တွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ် အား ရတနာပလ္လင်တော်ထက်သို့  မင်္ဂလာစက်ခလုတ် နှိပ်၍ ပင့်ဆောင်သည်။

 

ဆက်လက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။        

 

ထို့နောက် “ဇယန္တော  ဗောဓိယာမူလေ” အစချီ ဇယမင်္ဂလာအောင်ဂါထာတော်များကို   ရွတ်ဆိုပူဇော်၍ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ  အမျှဝေစာတမ်းလွှာကို ဖတ်ကြားကာ မေတ္တာပြုအမျှပေးဝေ ကြသည်။

 

ယင်းနောက် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီးသို့ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင် ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ   “နမောတဿ”  သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။

 

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး    အမှူးပြုသည့်     ဧည့်ပရိသတ်များက ရတနတ္တယပူဇာဂါထာတော်နှင့်    သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို   သံပြိုင်ညီညာ   သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။

 

ဆက်လက်၍ အခမ်းအနားမှူးက   မာရဝိဇယ ဗုဒ္ဓပူဇာဝန္ဒနာပကာမ  အာသီသဂါထာနှင့်   မင်္ဂလာ အခါတော် စာတမ်းကိုဖတ်ကြားပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နောင်တော်ကြီး   ဗုဒ္ဓရုပ်ပွားတော်မြတ်အား   သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးအတွင်းရှိ ရတနာ ပလ္လင်တော်ထက်သို့     မင်္ဂလာ စက်ခလုတ်နှိပ်၍ ပင့်ဆောင်သည်။

 

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဗုဒ္ဓရုပ်ပွားတော်မြတ်အား    ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။  ထို့နောက်   “ဇယန္တော ဗောဓိယာမူလေ” အစချီ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာကို ဖတ်ကြားကာ မေတ္တာပြုအမျှ ပေးဝေကြသည်။

ထို့နောက် “ဗုဒ္ဓသာသနံ စိရတိဋ္ဌတု”  သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

 

ဆက်လက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ   ရွာသွန်းဖြိုးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်