မဲခွဲဆုံးဖြတ်ချိန်ရောက်ရှိလာတော့မယ့် ဗြိတိန်ခွဲထွက်ရေး သဘောတူညီမှု မူကြမ်း

၁၇ ဒီဇင်ဘာ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ သစ်ဝင်ရောက်လာတဲ့ ကွန်ဆာဗေးတစ် ပါလီမန်လွှတ်တော်အဖွဲ့ဝင်တွေ ပါလီမန်လွှတ်တော်အတွင်းမှာ နေရာယူကြဖို့ဝက်ဘ်မင်စတာကို ရောက်ရှိလာကြပြီဖြစ်တဲ့အတွက် အဖွဲ့ဝင်သစ်တွေကို မိန့်ခွန်းပြောကြားဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်အဖွဲ့ဝင်တွေဟာ ပါလီမန်ရဲ့ ရာထူးနေရာ ၈၀ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့ကြပါတယ်။

မဲပေးကြမယ်

ပါလီမန်အဖွဲ့ဝင်သစ် ၁၀၉ ဦးအနက် အများစုဟာ အလုပ်သမားပါတီက ထိန်းချုပ်ထားတဲ့ နေရာတွေကို အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။ ဒီတော့အနိုင်ရခဲ့တဲ့ ပါလီမန်အဖွဲ့ဝင်အသစ်တွေအတွက် ပထမဦးဆုံးလုပ်ဆောင်ရမယ့်အလုပ်ကတော့ ခရစ္စမတ်မတိုင်မီ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် က အကောင်အထည်ဖော်ချင်နေတဲ့ ခွဲထွက်ရေးသဘောတူညီချက်မူကြမ်းအပေါ် မဲပေးကြဖို့ပါပဲ။

ဒါ့အပြင် မစ္စတာဂျွန်ဆင်အနေနဲ့ အစိုးရပိုင်းမှာ အသေးစားပြောင်းလဲ ခန့်ထားမှုတွေကိုလည်းပဲ ပြုလုပ်ချင်နေပါသေးတယ်။ ယဉ်ကျေးမှုနဲ့တခြား ဝန်ကြီးနေရာတွေ အပါအဝင် အထွေထွေရွေးကောက်ပွဲမကျင်းပခင် ရာထူးကနေ ဆင်းသွားကြတဲ့သူတွေရဲ့ လစ်လပ်နေတဲ့ နေရာတွေမှာ လူထပ်ဖြည့်ဖို့ ၎င်းအနေနဲ့လိုအပ်နေပါတယ်။

လူထုရဲ့ ယုံကြည်မှုကို ရယူမယ့်

အစိုးရရဲ့ ဥပဒေပြုရေး အစီအစဉ်ကို စတင်မယ့်နေ့မှာ ဗြိတိန်ဘုရင်မကြီးက ပါလီမန်လွှတ်တော်ကို စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်တာနဲ့ပတ်သက်ပြီး ခွဲထွက်ရေးသဘောတူညီမှု မူကြမ်းကို လာမယ့် ဒီဇင်ဘာ ၂၀ရက်မတိုင်မီစောနိုင်သမျှ စောပြီး ပါလီမန် အဖွဲ့ဝင်တွေရှေ့မှောက်မှာ တင်သွင်းမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ဖို့ တာဝန်တစ်ရပ် ကျွန်ုပ်တို့မှာ ရှိနေကြောင်း၊ အဲဒီအတွက်ကြောင့် ကျွန်ုပ်တို့ဟာ ဘရက်ဆစ်ကိစ္စကို ပြီးမြောက်တဲ့အထိ ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ ယုံကြည်မှုကို အရယူရမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ၎င်းရဲ့ ခံယူချက်ကို ရှင်းရှင်းလင်းလင်းချပြခဲ့တယ်၊

ဒါကြောင့် ဥပဒေပြုအဖွဲ့ဝင်သစ်တွေရဲ့ ပထမဆုံး ဦးစားပေးလုပ်ငန်းတာဝန်ဟာ ခွဲထွက်ရေးသဘောတူညီမှု မူကြမ်းအပေါ် မဲပေးကြဖို့ ဖြစ်လာခဲ့တယ်လို့ အစိုးရအဖွဲ့ သတင်းရင်းမြစ် တစ်ခုကဆိုထားပါတယ်။

ကတိကဝတ်နဲ့အညီ

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂကနေ ဗြိတိန်အပြီး ထွက်ခွာရစေမယ်လို့ ပေးထားတဲ့ကတိကဝတ်နဲ့အညီ သဘောတူညီချက်မူကြမ်းကို ထောက်ခံမဲအများစုနဲ့အတူ ပါလီမန်လွှတ်တော်မှာ အချိန်မီ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပြီးရင်တော့မစ္စတာဂျွန်ဆင်အနေနဲ့ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေး သဘော တူညီမှုအသစ်တစ်ရပ်အတွက် ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပြီး ဘရက်ဆစ်မတိုင်မီ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့မှာပြီးဆုံးမယ့်အပြောင်းအလဲကာလမကုန်ဆုံးမီ အဲဒီကုန်သွယ်ရေးသဘောတူညီမှုအသစ်ကို လက်မှတ်ရေးထိုးရမှာပါ။

ဗြိတိန်ဘုရင်မကြီးရဲ့ မိန့်ခွန်းထဲမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလအတွင်း ပေးအပ်ခဲ့တဲ့ ကတိကဝတ်တွေနဲ့စပ်လျဉ်းတဲ့ ဥပဒေပြုကိစ္စရပ်ကို ထည့်သွင်းပြောကြားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမားပါတီရဲ့ အရေးနိမ့်မှုကနေ ထွက်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကလည်း ဆက်လက်ရှိနေပါတယ်။

ရွေးချယ်ခန့်အပ်

အလုပ်သမားပါတီရဲ့ အထွေထွေအတွင်းရေးမှူးက ပါတီအာဏာပိုင်တွေအနေနဲ့ ပါတီခေါင်းဆောင်အဖြစ် ဂျရယ်မီကော်ဘင်းရဲ့နေရာမှာ အစားထိုးဖို့ အချိန်သတ်မှတ်မှု သဘောတူညီဖို့အတွက် နှစ်သစ်ကူးကာလအစောပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားကြဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မစ္စတာကော်ဘင်းအနေနဲ့ အဲဒီဖြစ်စဉ်ကို မြန်မြန်ဆန်ဆန်စတင်စေချင်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ၎င်းရဲ့ နေရာကိုဝင်လာမယ့် ခေါင်းဆောင်ကို မတ်လကုန်လောက်မှာ ရွေးချယ်ခန့်အပ်နိုင်ဖွယ် ရှိပါတယ်။

အလုပ်သမားပါတီရဲ့ အမျိုးသားအမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေဆီ ပါတီရဲ့ အတွင်းရေးမှူးဖြစ်သူ ရေးသားခဲ့တဲ့ စာမှာတွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၆ ရက်မှာပြုလုပ်ဖို့ညွှန်ကြားထားပါတယ်။ ဂျရယ်မီကော်ဘင်းရော၊ ဂျွန်မက်ဒေါ်နယ်ရော နှစ်ဦးစလုံးက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အလုပ်သမားပါတီရဲ့ အကြီးအကျယ်အရေးနိမ့်ရမှုအတွက် ၎င်းတို့မှာ အပြစ်ရှိတယ်လို့ ယမန်နေ့က ဝန်ခံပြောကြားခဲ့ပါတယ်။ မစ္စတာကော်ဘင်းက ကျွန်ုပ်တို့အနေနဲ့ ခဏတာပဲ ထွက်ပေါ်လာခွင့်ရခဲ့လို့ စိတ်မကောင်းဘူးလို့ ပြောပါတယ်။ အခွင့်အာဏာပေးအပ်

၎င်းတို့ရဲ့ နေရာတွေမှာ အစားထိုးခန့်အပ်ဖို့အတွက် ယှဉ်ပြိုင်မှုတွေစတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အခုဆိုရင် စကော့တလန် အမျိုးသားပါတီက ပါလီမန်အဖွဲ့ဝင်သစ် ၄၈ ဦးဟာလည်းပဲ ပါလီမန်ရှိ ၎င်းတို့ရဲ့ နေရာတွေမှာ ထိုင်ကြရတော့မှာဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ နီကိုလာ စတာဂျင်က

ယခုအနိုင်ရရှိလိုက်တဲ့ အဖွဲ့ဝင် အရေအတွက်ဟာ စတော့တလန်လွတ်လပ်မှုအတွက် ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲတစ်ရပ်ပြုလုပ်နိုင်တဲ့ အခွင့်အာဏာကို ပေးအပ်လိုက်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

စကော့တလန်မဲဆန္ဒနယ်မှာ ရာထူးနေရာ ၁၃ နေရာအနက် ၁ဝ နေရာကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ကွန်ဆာဗေးတစ်တွေအနေနဲ့ အဲဒီဆုံးရှုံးမှုက အလုံးစုံ ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ပါလီမန်အဖွဲ့ဝင်သစ်တွေဟာ လွတ်လပ်ရေးအတွက် ဆက်ပြီးဖိအားပေးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ငန်းစဉ်များလာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာဆိုရင် ပါလီမန်လွှတ်တော်အဖွဲ့ဝင်တွေဟာ ၎င်းတို့ရဲ့ ပထမဆုံးလုပ်ငန်းတာဝန်ကို ထမ်းဆောင်ကြတော့မှာဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ပါလီမန်ရဲ့ဥက္ကဋ္ဌဖြစ်သူကို ရွေးချယ်တင်မြှောက်ပြီး ဥက္ကဋ္ဌဟာ ကျမ်းသစ္စာကျိန်ဆိုမှု စတင်လုပ်ဆောင်မှာပါ။

ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ ပါလီမန်လွှတ်တော်ကို ဘုရင်မကြီးရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်မှာဖြစ်ပြီး ဝန်ကြီးများက ရေးသားထားတဲ့ အစိုးရအဖွဲ့ရဲ့ ဥပဒေပြုအစီအစဉ်မှာပါရှိတဲ့ မိန့်ခွန်းတစ်ရပ်ကို ဘုရင်မကြီးက ဖတ်ကြားမှာ ဖြစ်ပါတယ်။ မိန့်ခွန်းပြောကြားပြီး နှစ်နာရီလောက်အကြာမှာ ပါလီမန်အဖွဲ့ဝင် တွေက မိန့်ခွန်းထဲမှာပါဝင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အချီအချ ဆွေးနွေးမှုတွေစတင်လုပ်ဆောင်ကြမှာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ရက်အနည်းငယ် ကြာချင်ကြာနိုင်ပါတယ်။ အချီအချဆက်လက်ဆွေးနွေး

ဝန်ကြီးချုပ် မစ္စတာဘောရစ်ဂျွန်ဆင်က သဘောတူညီချက်မူကြမ်းနဲ့ ပတ်သက်လို့ ဘယ်လောက်မြန်မြန်ဆန်ဆန် လှုပ်ရှားချင်တယ်ဆိုတဲ့အပေါ် မူတည်ပြီး ဘုရင်မကြီးရဲ့ မိန့်ခွန်းပါ အကြောင်းအရာအပေါ်မှာ အချီအချ ဆွေးနွေးမှုဟာ သောကြာနေ့အထိ ဆက်ချင်ဆက်သွားနိုင်ပါတယ်။

ယခင်ပါလီမန်လွှတ်တော်မှာတုန်းက ပါလီမန်အဖွဲ့ဝင်တွေဟာ မစ္စတာ ဘောရစ်ဂျွန်ဆင်ရဲ့ မူကြမ်းကို ပထမအဆင့်အထ ိထောက်ခံခဲ့ကြပေမယ့်လည်း ဘရက်ဆစ်နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ အောက်တိုဘာ၃၁ရက်နောက်ပိုင်းမှာမှ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်စေဖို့အတွက် ပါလီမန်မှာ သုံးရက်အတွင်း မြန်မြန်ဆန်ဆန် အပြတ်ဖြတ်မယ့်အစီအစဉ်ကို ဆန့်ကျင်ခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှု ပြီးဆုံးသွားပြီဆိုရင်တော့ ၊ ပါလီမန်လွှတ်တော်အဖွဲ့ဝင်တွေဟာ သဘောတူညီချက်မူကြမ်းကို ထောက်ခံမလား၊ မထောက်ခံဘူးလားဆိုတာကို မဲပေးပြီး ဆုံးဖြတ်ကြတော့မှာပဲ ဖြစ်ပါတယ်။

ကိုးကား- ဘီဘီစီအေအက်ဖ်ပီ

ကလျာမိုးမြင့်