Marca Legend ဆု ရရှိသွားသည့် စီရော်နယ်ဒို 

၃၀ ဇူလိုင်

ဂျုဗင်တပ်စ် အသင်း တိုက်စစ်မှူး အသက် (၃၄) နှစ် စီရော်နယ်ဒို ဟာ စပိန် အားကစားသတင်းစာ မာကာ က အကောင်းဆုံးအားကစားသမားတွေကို ချီးမြှင့်သည့် Marca Legend ဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။ 

 

mdn

 

Marca legend ဆုကို (၁၉၉၇) က စတင်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ယခုနှစ်အတွက် ဆုချီးမြှင့်ပွဲကို မက်ဒရစ်မြို့မှာ ကျင်းပခဲ့သည်။ ယင်းဆုကို စီရော်နယ်ဒို ကိုယ်တိုင်တက်ယူခဲ့ပြီး ရီးရယ်လ် အသင်းဥက္ကဋ္ဌ ပီရက်စ် က ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဆုမှာ အားကစား လောကမှာ ထူးထူးချွန်ချွန် ဖြတ်သန်းပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သည့် ကစားသမားတွေကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ 

 

mdn

 

Marca legend ဆုကို နာမည်ကျော် ကစားသမားတွေဖြစ်သည့် မိုက်ကယ်ဂျော်ဒန်၊ ပီလီ၊ မက်ဆီ၊ နာဒယ်လ်၊ ဂျိုကိုဗစ်၊ မိုဟာမက်အလီ၊ အူစိန်ဘို့တ် ၊ မိုက်ကယ်ဖဲလ်၊ ရူးမေကာ နှင့် မာရာဒိုနာ တို့လည်း ရရှိခဲ့သည်။ စီရော်နယ်ဒို ၏ အဓိကပြိုင်ဘက် ဖြစ်တဲ့ မက်ဆီ က  ဒီဆုကို (၂၀ဝ၉) က ရရှိခဲ့ထားကြောင်း သိရသည်။ 

MDN

 

mdn