မဘိမ်းမြို့နယ်အတွင်းရှိ ဈေးရောင်းချနေသည့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

မဘိမ်း နိုဝင်ဘာ ၁ဝ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များ ရောင်းချနေသည့် ပြည်သူများက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၁ဝ နာရီအ ချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

မဘိမ်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသော်လည်း ရောဂါအတည်ပြု လူနာများ လျော့နည်းသက်သာခြင်း မရှိသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မဘိမ်းမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ ရောင်းချနေသည့် ပြည်သူများက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ အတွင်းအပြင် ရောဂါကာ ကွယ်ရေးပစ္စည်းများ ထားရှိခြင်း၊ သတ်မှတ်ထားသည့် အကွာအဝေးများ နေထိုင်ခြင်းနှင့် နှာခေါင်း စည်း Mask တပ်ဆင်ခြင်း ရှိ/မရှိတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းသူဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာရေးဌာန၊ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်နှင့် ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)