မဘိမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သရုပ်ပြဇာတ်တိုက်လေ့ကျင့်

မဘိမ်း      မေ     ၁၂         

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မေ ၁၁ ရက် ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးဦးက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရှာဖွေစုဆောင်းထားရှိမှု၊ ယာဉ်/ယန္တရားစက်ပစ္စည်းများ အ ရန်သင့်ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်များမကျရောက်မီ ကြိုတင်ပြင်ဆင်ရမည့်နည်း လမ်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အလေးထားဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်မကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား အသုံးပြုပုံများကို သရုပ်ပြလေ့ ကျင့်ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ လက်တွေ့သရုပ်ပြသမှု ဆောင်ရွက်ရာသို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးညိမ်းသူအောင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

                       

မျိုးမင်း (မဘိမ်း)