မြစ်ကြီးနား ဇွန် ၂၀

 

၂၀၂၆ ခုနှစ် မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက် အားဆာကျေးရွာသွားလမ်း၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့က ပျိုးပင်များအား ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးအပ်ကြပြီး သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးကြသည်။

 

ထို့နောက် မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ပြည်တွင်းလူငယ်များ မိတ်သဟာယအသင်းတို့ ပူးပေါင်း၍ Myitkyina Cleaning Campaign အစီအစဉ်ဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)