နေပြည်တော် ၊ စက်တင်ဘာ ၂၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ (၂၁) မိုင် (ရှောင်ကွင်းလမ်း) တွင် လှမင်းသန့် (ခ) အောင်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၉၅ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် အဆိုပါနေရာတွင် ငွါးယော်ဆီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတိုအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား