မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ စတင်ဆောင်ရွက်

မြစ်ကြီးနား        မေ      ၂၆

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံမှုများ လက်ခံခြင်းကို မေ ၂၆ ရက် နံနက်ပိုင်းက စတင်လက်ခံလျက်ရှိရာ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်၊ မြစ်ကြီးနားခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

မြစ်ကြီးနားမြို့၌ အခြေခံပညာကျောင်း ၁၆၅ ကျောင်း ရှိရာ ယခုနှစ်တွင် အထက်တန်းကျောင်း ၂၃ ကျောင်း၊ အထက(ခွဲ) ရှစ်ကျောင်း၊ အလယ်တန်းကျောင်း ၁၅ ကျောင်း၊ အလက(ခွဲ) ၁၃ ကျောင်း၊ မူလတန်းလွန် ၂၉ ကျောင်း၊ မူလတန်း ၆၈ ကျောင်း၊ အမက(ခွဲ) တစ်ကျောင်း စုစုပေါင်း ၁၅၇ ကျောင်းတို့တွင် မေ ၂၆ ရက်မှ ဇွန် ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

ထိုသို့ ကျောင်းလာရောက်အပ်နှံသည့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပြဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံ တစ်စုံနှုန်း အခမဲ့ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ယော်ဆောင်(ပြန်/ဆက်)