မြစ်ကြီးနား၌ အသက်(၈၅ နှစ်)အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့

မြစ်ကြီးနား ၂၀ ဇွန် 

ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ အသက်(၈၅ နှစ်)အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးတို့က နိုင်ငံတော်အစိုးရ၏ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်မှုနှင့် ဆောင်ရွက်ချက်များ၊ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့နောက် ၂၀၁၉ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်လများအတွက် လူမှုရေးပင်စင်ငွေ ကျပ် ၃၀၀၀၀ အား မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အတွင်း အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွား ပင်စင်ရရှိသူ(၄၀) ရှိသည့်အနက် တက်ရောက်လာသည့် သက်ကြီးဘိုးဘွား(၁၈)ဦးကို ထောက်ပံံ့ပေး အပ်ပြီး မတက်ရောက်နိုင်သည့် ဘိုးဘွားများကို ဝန်ကြီးနှင့်တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)