မြစ်ကြီးနား၌ လမ်းလယ်စတီးသံပန်းအား ဝင်တိုက်မိသည့်ယာဉ်တစ်စီး တိမ်းမှောက်

မြစ်ကြီးနား  ၂၃  ဖေဖော်ဝါရီ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆွမ်ပရာလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၂၃  ရက် နံနက် ၁ နာရီခွဲခန့်က ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက်အစောပိုင်းက မြစ်ကြီးနားမြို့ ဆွမ်ပရာလမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်ခဲ့ကြောင်း သတင်းအရ အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ဒုတိယရဲအုပ် သက်ဝေဖြိုးနှင့် သက်သေများက သွားရောက်စစ်ဆေးရာ ဟိန်းဇော်ထွေး(၂၃)နှစ် မောင်းနှင်သည့် Mark-II အမျိုးအစားယာဉ်သည် ဆွမ်ပရာဘွမ်လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ဆွမ်ပရာဘွမ်လမ်းနှင့် ဂေါက်ကွင်းလမ်းဆုံအရောက်တွင် လမ်းလယ်ရှိ စတီးသံပန်းနှင့် ဓာတ်မီးတိုင်အား ဝင်ရောက်တိုက်မိကာ ယာဉ်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဟိန်းဇော်ထွေးမှာ ပွန်းပဲ့ဒဏ်ရာများရရှိကာ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး မြစ်ကြီးနားမြို့မရဲစခန်းတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)