မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကချင်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား        ဇူလိုင်        ၂၃

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက တက္ကသိုလ်ဘောလုံးကွင်း၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

ရှေးဦးစွာ ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၅ ရက်အထိ ပြုလုပ်သွားမည့် ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသား ဘောလုံးအသင်း ၁၀ သင်းနှင့် အမျိုးသမီး ဘောလုံးအသင်း ငါးသင်းတို့မှ ကစားသမား များအား ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဘောလုံးအသင်းများအတွက် ထောက်ပံ့ ငွေကျပ်  သိန်း ၂၀ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ထောက်ပံ့သည့် အားကစားအထောက်အကူပြု ပစ္စည်းများကို ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းထံ ပေးအပ်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားတက္ကသိုလ် ကျောင်းသူလေးများက Physical Fitness Dance အကဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် သင်္ချာအသင်းနှင့် ဒဿနိကဗေဒအသင်းတို့မှ ကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်က ဘောလုံးကန်ဖွင့်လှစ်ပေးပေးကာ ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)