မြစ်ငယ်မြို့တွင် ဒုဋ္ဌဝတီမြစ်ရေ စိုးရိမ်ရေ အမှတ်အထက် ၁၈ စင်တီမီတာကျော်လွန်ရောက်ရှိ

၂၀ ဇူလိုင်


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ  ဇူလိုင် ၂ဝ ရက် ညနေ ၅ နာရီခွဲတွင် မြစ်ငယ်မြို့ရှိ ဒုဋ္ဌဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် ၁၈ စင်တီမီတာ ကျော်လွန်နေကြောင်း သိရသည်။ 


ဒုဋ္ဌဝတီမြစ်၏ မြစ်ရေစိုးရိမ်ရေအမှတ်မှာ သုညမျက်နှာပြင်အထက် ၈၇၀ စင်တီမီတာဖြစ်ပြီး ယနေ့ညနေ ၅ နာရီခွဲအထိ မြစ်ရေအမှတ်မှာ ၈၈၈ စင်တီမီတာဖြစ်ကြောင်း သိရသည်။ 


ယနေ့ နံနက်  ၉ နာရီအချိန်က ရန်ကုန် - မန္တလေး ကားလမ်းမပေါ်ရှိ မြစ်ငယ်တံတားပေါ်မှ မြစ်ရေအခြေအနေကို ပုံပါအတိုင်းတွေ့မြင်ရသည် ။ 


ချမ်းသာ ( မိတ္ထီလာ)