မြစ်ရေကြီးခြင်း သတိပေးချက်

နေပြည်တော် ၁၁  ဇူလိုင်

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၁ နာရီတွင် မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားသည်။

 

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ အချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်တွင် ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနိုင်သည်။

 

သို့ပါ၍ ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားသည်။

 

MDN