မြစ်သားမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်းအမှိုက်ကောက်

မြစ်သား ၂၉  မေ    


ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း မန္တလေး-ရန်ကုန် ကားလမ်းဟောင်း၏ လမ်းခွကျေးရွာအနီး မိုင်တိုင်အမှတ် ၃၈၅/၅ မှ မိုင်တိုင်အမှတ် ၃၈၄/၇ အထိ လမ်းပိုင်းတစ်လျှောက် ဘေးဝဲယာတွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးခြင်း၊ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်းအနေဖြင့် အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

1

     


အဆိုပါ စုပေါင်းအမှိုက်ကောက်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် လမ်းခွကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကူမဲမြို့ အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ စုစုပေါင်း အင်အား ၃၅၀ ကျော် တက်ရောက်၍ စုပေါင်းဆောင်ရွက်ကြကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။ 


MDN

 

1