မြစ်သား ဧပြီ ၂၆

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသော ဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စုစံဓာတ်မြေဩဇာ‌ရောင်းချရေးကုမ္ပဏီတို့ ပူးပေါင်း၍ ဧပြီ ၂၅ ရက် မွန်းလွဲ ၃ နာရီက စိုက်ပျိုးရေးဦးစီးဌာနပိုင်ဂိုဒေါင်၌ တောင်သူများအား ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲ ပြုလုပ်သည်။

 

ဆောင်ရွက်ပေးလျက်ရှိ

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအ‌နေဖြင့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြင့် တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန်၊ နွေသီးနှံစိုက်ပျိုးသည့် တောင်သူများကို သွင်းအားစု ဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာ အသုံးပြုနိုင်စေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝါဝါမြင့်(မြစ်သား)