မြစ်သားမြို့နယ်တွင် မီးခိုးမိုင်းတိုက်ပြီး ဖြူကောင်ရှာရာမှ လူ ၂ ဦး သေဆုံး

နေပြည်တော် ၁၇ မတ် 

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဖိုအင်းကျေးရွာတွင် မတ် ၁၆ ရက် ည ၇ နာရီက ဖြူကောင်ရှာရာမှ လူ ၂ ဦး သေဆုံးကြောင်း သတင်းအရ ရွာခိုင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ၂ ဦးမှာ အဆိုပါ ကျေးရွာနေ ဦးခွေးနီ (၅၅)နှစ်နှင့် သားဖြစ်သူ ရှမ်းကြီး(ခ)ငြိမ်းချမ်းအောင် (၂၆)နှစ်တို့ဖြစ်ပြီး ၎င်းတို့သည် ဖိုအင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၊ တောင်နီမတောင်ခြေအနီးရှိ ကျောက်ဂလှိုဏ်ခေါင်းအတွင်း ဝင်ရောက်ကာ ဖြူကောင်တွင်းတွင် ဝါးရွက်များမီးရှို့၍ မီးခိုးမှိုင်းတိုက်ပြီး ဖြူကောင်ရှာရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရွာခိုင်ကြီးနယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား