မဒေါက်မြို့နှင့် မြဝတီမြို့တို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်

နေပြည်တော် ၃ ဩဂုတ်


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၈ နာရီခွဲတွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေကို ထုတ်ပြန်ရာ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက်တွင်လည်းကောင်း၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ထက်တွင်လည်းကောင်း ကျော်လွန်လျက်ရှိကြောင်း သိရသည်။


MDN

 

1