မြောက်အိုင်ယာလန်မှာ ခရစ်စမတ်အပြီး သီတင်း ခြောက်ပတ် အသွားအလာကန့်သတ်မယ်

၁၈ ဒီဇင်ဘာ

 

မြောက်အိုင်ယာလန်မှာ ခရစ်စမတ်အပြီး သီတင်းခြောက်ပတ် အသွားအလာ ကန့်သတ်မယ်လို့ မြောက်အိုင်ယာလန် အစိုးရအဖွဲ့က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

အသစ်ချမှတ်မယ့် အသွားအလာ ကန့်သတ်မှုဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ စတင်မှာဖြစ်ပါတယ်။ အသွားအလာ ကန့်သတ်ပြီး သီတင်းလေးပတ်အကြာမှာ အမိန့်ကို ပြန်လည်သုံးသပ်မယ်လို့ ဒုတိယဝန်ကြီးချုပ် မီရှဲလ် အိုနေးက ပြောပါတယ်။

 

mdn

 

အသွားအလာကန့်သတ်မှုအောက်မှာ အားကာစားပွဲတွေ ပိတ်ထားပြီး စားသောက်ဆိုင်တွေဟာ ည၈ နာရီမှာ ပိတ်ရမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကော်ဖီဆိုင်တွေမှာ ပါဆယ်သာ ရောင်းရန်၊ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေအား ပိတ်ထားရန်၊ အလှပြင်ဆိုင်ကဲ့သို့ ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေ ပိတ်ထားရန်၊ ကားရေဆေးလုပ်ငန်းတွေ ပိတ်ထားရန်၊ ရုပ်ရှင်ရုံနဲ့ ပြဇာတ်ရုံတွေ ပိတ်ထားရန်တို့ ပါရှိပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ ၂၄ နာရီအတွင်း ၃၅,၃၈၃ ဦးနဲ့ သေဆုံးသူ ၅၃၂ ဦးရှိရာ ရောဂါပိုးတွေ့ရှိသူ ၁,၉၄၈,၆၆၀ ဦးနဲ့ သေဆုံးသူ ၆၆,၀၅၂ ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn