မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၇၈၀ ရှိလာဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောကြား

ဂျီနီဗာ ဇွန် ၆

 

ကမ္ဘာပေါ်ရှိ မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိသော ၂၇ နိုင်ငံတွင် မျောက်ကျောက်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၇၈၀ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန် ၅ ရက်တွင် ပြောကြားသည်။


 
ယခုနှစ် မေ ၁၃ ရက်မှ ဇွန် ၂ ရက်အထိ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဦးရေ ၇၈၀ ခန့်သည် ကူးစက်ရောဂါနှင့် ဓာတ်ခွဲခန်းဆိုင်ရာသတင်းအချက်အလက် ကန့်သတ်ထားခြင်းကြောင့် လျှော့ပြီးတွက်ချက် ထားသည့်အရေအတွက် ဖြစ်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

“အခြားနိုင်ငံတွေမှာ ဒီရောဂါကူးစက်မှုတွေကို ဖော်ထုတ်လာတဲ့အတွက် မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်မှုတွေ နောက်ထပ်ပျံ့နှံ့လာဖို့ အလားအလာများပါတယ်” ဟု ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက ပြောကြားသည်။ သို့သော် အသွားအလာကန့်သတ်ထားသည့်လူနာများကလွဲလို့ ယင်းရောဂါဖြင့် ဆေးရုံတင်ခြင်းခံရသူအနည်း ငယ်သာရှိကြောင်း သိရသည်။

 

ယခင်က မျောက်ကျောက်ရောဂါ ကူးစက်မှုမရှိသည့်နိုင်ငံများမှ ရောဂါအများဆုံးဖြစ်ပွားသည့်နိုင်ငံများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်ပါအတိုင်း စရင်းပြုစုသည်။ ဗြိတိန်နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၂၀၇ ဦး၊ စပိန်နိုင်ငံတွင် ၁၅၆ ဦး၊ ပေါ်တူဂီနိုင်ငံတွင် ၁၃၈ ဦး၊ ကနေဒါနိုင်ငံတွင်း ၅၈ ဦးနှင့် ဂျာမနီနိုင်ငံတွင် ၅၇ ဦး စသည်ဖြင့် အသီးသီးရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။ 

 

ယခုအခါ ဥရောပနှင့် မြောက်အမေရိကတိုက်တို့အပြင် အာဂျင်တီးနား၊ ဩစတြေးလျ၊ မော်ရိုကိုနှင့် အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံများတွင်းလည်း ယင်းရောဂါ ကူးစက်မှုအနည်းငယ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ