မြောက်ကိုရီးယား စူပါဒုံးပျံ ပစ်လွှတ်စမ်းသပ်

၁ နိုဝင်ဘာ

မြောက်ကိုရီးယားနိုင်ငံသည် ယမန်နေ့က  စူပါဒုံးပျံ ကို အောင်မြင်စွာပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ဖော်ပြခဲ့သည်။

 

a


အဆိုပါ ဒုံးပျံစမ်းသပ်မှုကို ခေါင်းဆောင်ကင်ဂျုံအန်း ကြီးကြပ်မှုရှိမရှိကိုမူ ဖော်ပြမထားပေ။

ဖုန်ဂန်ပြည်နယ်တောင်ပိုင်းမှ ဒုံးပျံနှစ်စင်းကို ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ယမန်နေ့က ပြောကြားခဲ့သည်။

၎င်းတို့သည် တာတိုပစ်ဒုံးကျည်များ ဖြစ်ပြီး ၃၅၀ နှင့် ၄၀ဝ ကီလိုမီတာ အကြား အကွာအဝေးသို့ရောက်ရှိခဲ့ကြောင်း ဂျပန်အစိုးက ပြောကြားခဲ့သည်။သီးသန့်စီးပွားရေးဇုန်အပြင်ဘက် ဂျပန်ပင်လယ်ပြင်သို့ ဒုံးကျည်များကျရောက်ခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို