မြောက်ကိုရီးယား နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်ရန် ပိုးရှိသူကို ပစ်သတ်ရန် အမိန့် ပေးထားကြောင်း အမေရိကန် ပြောကြား

၁၁ စက်တင်ဘာ

 

 

မြောက်ကိုရီးယား နိုင်ငံမှာ တရုတ်နိုင်ငံကနေ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဝင်ရောက်မှု မရှိစေရန် ပစ်သတ်နိုင်တဲ့ အမိန့်ကို  မြောက်ကိုရီးယား အရာရှိတွေ ပေးထားကြောင်း တောင်ကိုရီးယားမှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ရဲ့ အကြီးအကဲ ရောဘတ် အက်ဘရန်စ် က ပြောကြားပါတယ်။

 

 

မြောက်ကိုရီးယားက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု မရှိရန် တရုတ်နိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို ဇန်နဝါရီကစပြီး ပိတ်ထားပါတယ်။ ဇူလိုင်လမှာတော့ မြောက်ကိုရီးယား နိုင်ငံတွင်းမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေကို ကြေညာထားကြောင်း နိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့ပါတယ်။

 

 

တရုတ်နယ်စပ်အနီး တစ်ကီလိုမီတာ သို့မဟုတ် နှစ်ကီလိုမီတာ အနီးမှာ ကြားခံနေရာကနေ မြောက်ကိုရီးနိုင်ငံ အတွင်းကို ကုန်ပစ္စည်းတွေ သွင်းယူတာမျိုး လုပ်ဆောင်ပါတယ်။

 

 

မြောက်ကိုရီးယား နိုင်ငံရဲ့ အထူစစ်ဆေးရေး အဖွဲ့ဟာ နယ်စပ်အနီး ရောက်ရှိနေပြီး ပစ်သတ်ခွင့် အမိန့်ကို ရရှိထားကြောင်း၊ မြောက်ကိုရီးယား နိုင်ငံဟာ ပိတ်ဆို့ အရေးယူခံထားရတဲ့အတွက် တရုတ်နိုင်ငံကနေ ကုန်ပစ္စည်း ၈၅ ရာခိုင်နှုန်း တင်သွင်းမှုကို မှီခိုနေရပါတယ်။

 

 

MDN

ကိုးကား- AFP

mdn