မြောက်ကိုရီးယားအရေး ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တွေ့ဆုံမည်

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှု အစီအစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။

 

အဆိုပါ အစည်းအဝေးကို အဆိုပြုရန်အတွက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်အဖွဲ့က တောင်းဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က NHK သို့ ပြောကြားခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြောင်း လုံခြုံရေးကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

 

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြောက်ကိုရီးယားနိုင်ငံက မကြာသေးမီက ဒုံးကျည်များလွှတ်တင်ခြင်းနှင့် နှစ်နိုင်ငံအငြင်းပွားဖွယ်အပြုအမူများ ပိုမိုဆိုးရွားလာခြင်းအပါအဝင် ကိုရီးယားကျွန်းဆွယ် အရေးကိစ္စနှင့်ပတ်သက်ပြီး နောက်ဆုံးအခြေအနေများကို ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံက ပိတ်ဆို့မှုများရုတ်သိမ်းရန် အမေရိကန်ပြည်ထောင်စုသို့ ယခုနှစ်အကုန်ထိ အချိန်ပေးခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်လွှတ်မှုအပြီးတွင် ၎င်းတို့၏ ဂြိုလ်တုလွှတ်တင်ရေးစခန်း၌ စမ်းသပ်မှုကြီးတစ်ခုပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် စနေနေ့က ကြေညာခဲ့သည်။

 

ယခုနှစ် ဒီဇင်ဘာလ ၂၂ရက်ထက်နောက်မကျဘဲ မြောက်ကိုရီးယားနိုင်ငံမှ အလုပ်သမားများအား ၎င်းတို့၏ နိုင်ငံသို့ ပြန်ပို့ရန် နိုင်ငံများက တောင်းဆိုသည့်အတွက် ၂၀၁၇ခုနှစ်က ဆုံးဖြတ်ခဲ့သည့် ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်ဖွယ်ရှိသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ မြင့်တက်လာသည့် လှုံဆော်မှုများကို ကောင်စီက ဆုံးဖြတ်နိုင်ခြင်း ရှိမရှိအပေါ် အာရုံစူးစိုက်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn