မြောက်ကိုရီးယားက နျူကလီးယားအဆောက်အဉီများ ဆက်လက်တည်ဆောက်နေဆဲဟု ဆို

၂၈ နိုဝင်ဘာ

 

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ နျူကလီးယားစက်ရုံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေသည့် ပုံများကို ဂြိုလ်တုပုံရိပ်များမှတစ်ဆင့် မြင်တွေ့နေရကြောင်း  အမေရိကန် သုတေသန အဖွဲ့က ပြောကြားခဲ့သည်။

 

ယောင်ဗြွန်ရှိ နျူကလီးယားစက်ရုံတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း  မြောက်ကိုရီးယားရှိ ဝက်ဆိုဒ် ၃၈ခုတွင် ယမန်နေ့က ဖော်ပြထားသည်။

 

ဓာတ်ပေါင်းဖိုကို ရေနှင့် အလင်းရောင်ရရှိသည့်နေရာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၄ရက်နေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း အတည်ပြုခဲ့ပြီး အောက်တိုဘာ ၂၉ရက်နေ့ ပြသခဲ့သည့် ပုံများမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အသုံးပြုသည့် မော်တော်ယာဉ်များပုံကို ပြသခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

သုတေသနအဆောက်အဉီ၏ အနီးတွင် အခြားအထပ်မြင့် အဆောက်အဉီတစ်ခုကို ဆောက်လုပ်နေပုံကိုလည်း မြင်တွေ့ခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

အဆိုပါ ဓာတ်ပေါင်းဖို၏ လည်ပတ်ပုံများကို မည်သူမှ မတွေ့မြင်နိုင်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

 

ယောင်ဗြွန်ရှိ နျူကလီးယားစမ်းသပ်သောနေရာကို ဖျက်သိမ်းရန်အတွက် ဖေဖော်ဝါရီလအတွင်းက အလဲအလှယ်များပြုလုပ်ရန် အမေရိကန်နိုင်ငံနှင့် ထိပ်သီးဆွေးနွေးပွဲတွင် မြောက်ကိုရီးယားတို့ သဘောတူခဲ့သည်။

 

သို့သော်လည်း အမေရိကန်ပြည်ထောင်စုက အခြားနျူကလီးယားစက်ရုံများအားလုံးကို ဖျက်သိမ်းသင့်ကြောင်း တောင်းဆိုခဲ့ပြီး အစည်းအဝေးတွင် သဘောတူညီချက်မရပဲ ဖျက်သိမ်းခဲ့ရသည်။

 

ပြီးခဲ့သည့်လအတွင်းကလည်း ဆွီဒင်နိုင်ငံတွင် နျူကလီးယား လျော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း တာဝန်ရှိသူများက မည်သည့် တိုးတက်မှုမှ ရရှိအောင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်