မြောက်ကိုရီးယားကို အလည်ပတ်ရောက်ဖူးသူများ အမေရိကန်နိုင်ငံကို ဝင်ခွင့် ပိတ်ပင်

၆ သြဂုတ်

အမေရိကန်နိုင်ငံကို ဗီဇာမလိုဘဲလာရောက်လည်ပတ်နိုင်ခွင့်ရှိတဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများဟာ လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ဖူးသူများဖြစ်ခဲ့ရင် အမေရိကန်နိုင်ငံကို ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ တနင်္လာနေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

 

433

 

နိုင်ငံပေါင်း ၃၈ နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေဟာ အမေရိကန်နိုင်ငံကို ရက် ၉၀ တိတိ ဗီဇာယူရန်မလိုဘဲ နေထိုင်ခွင့် ရှိသူဖြစ်ပါတယ်။ အဲဒီ ၃၈ နိုင်ငံထဲမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံသားတွေပါ ပါဝင်ကြောင်းသိရပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံကို မတ်လ ၁ ရက် ၂၀၁၁ ခုကစပြီး ရောက်ဖူးသူများဟာ အမေရိကန်နိုင်ငံထဲ ဝင်ခွင့်မရှိကြောင်း  အမေရိကန်အကောက်အခွန်နှင့်နယ်စပ်ကာကွယ်ရေးဝက်ဆိုက်ဒ်မှာ တနင်္လာနေ့က တရားဝင်ကြေငြာချက် ထုတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို ရောက်ဖူးသူများဆိုရာတွင် အလည်အပတ်ရော၊ လုပ်ငန်းနဲ့ပတ်သတ်ပြီး ရောက်ရှိသူများလို့ ထပ်ဆင့် ရှင်းလင်းထားပါတယ်။ 

အခုပြဌာန်းလိုက်တဲ့ အပြောင်းအလဲဟာ ဗီဇာကင်းလွတ်ခွင့်ရနိုင်ငံတွေမှ နိုင်ငံသားထောင်ချီပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုးရီးယားနိုင်ငံသားတွေလည်း ပါဝင်တဲ့အတွက် ဆမ်ဆောင်းကိုရီးယား လျှပ်စစ်ကုမ္ပဏီ ဆမ်ဆောင်းရဲ့ ဒုဥက္ကဌဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တောင်ကိုရီးယားသမ္မတနဲ့အတူ ပြုံးယမ်းကို ရောက်ရှိခဲ့ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အပြောင်းအလဲနဲ့ ပတ်သတ်ပြီး  ဆမ်ဆောင်းကို မေးမြန်းရာ ဖြေကြားဖို့ ငြင်းဆန်ထားပါတယ်။ 

အမေရိကန်နိုင်ငံသားတွေက ၂၀၁၇ ခုနှစ်ကစပြီး မြောက်ကိုရီးယားကို လည်ပတ်ခွင့် ပိတ်ပင်းထားပါတယ်။ 

MDN
ကိုးကား - AFP