မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးနိုင်ရေး ကြိုးပမ်းကြရန် ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း

တိုကျို   ၅  နိုဝင်ဘာ

ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို မြောက်ကိုရီးယား ရှေးရှောင်ဖယ်ခြင်း မပြုနိုင်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခေါင်းဆောင်များကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းလိုက်ကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများနှင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ နိုဝင်ဘာ ၄ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၌ ထိပ်သီးအစည်း အဝေးပြုလုပ်ခဲ့စဉ်အတွင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် မေလမှစတင်ကာ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်ခဲ့သည်။

အောက်တိုဘာလ အစောပိုင်းက ရေငုပ်သင်္ဘောအခြေပြု ဒုံးကျည်တစ်ခုကိုလည်း စမ်းသပ်ပစ်ခတ်ခဲ့သည်။ ထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံတကာ ဥပဒေအပေါ်အခြေခံလျက် ဒေသတွင်း ပဋိပက္ခများဖြစ်ပွားမှုမှ ရှောင်ကြဉ်ရာတွင် အာဆီယံအဖွဲ့ကြီးက တစ်ထောင့်တစ်နေရာမှ ပါဝင်ရန် အဆင်သင့်ဖြစ်မှုကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ ။

အရှေ့တောင်အာရှ နိုင်ငံများအတွင်း ချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် လွတ်လပ်ပွင့်လင်းသည့် အင်ဒိုပစိဖိတ်ဒေသတစ်ခုဖြစ် လာစေရေး ဂျပန်နိုင်ငံက အကူအညီပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

အင်န်အိတ်ချ်ကေ