မြောက်ကိုရီးယားနိုင်ငံက သြဂုတ်လ ၂၉ ရက်တွင် လွှတ်တော်အစည်းအဝေး ကျင်းပမည်

၉ သြဂုတ်


သြဂုတ်လကုန်၌ လွှတ်တော်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောကြားသည်။

 

1

 


သြဂုတ်၂၉ ရက်နေ့တွင် ပြုံးယမ်း၌ ပြည့်သူလွှတ်တော် ကျင်းပမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများက ယနေ့ ရေးသားဖော်ပြခဲ့သည်။


ဧပြီလအတွင်းက နောက်ဆုံးကျင်းပခဲ့သည့် လွှတ်တော်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မိန့်ခွန်းပြောကြားခဲ့သည်။


၂၀၁၄ခုနှစ်မှစပြီး ပထမဦးဆုံးအကြိမ်အဖြစ် တစ်နှစ်ကို နှစ်ကြိမ်အစည်းအဝေး ကျင်းပခဲ့ပြီး သြဂုတ်လအတွင်း  နောက်ထပ်အစည်းအဝေးကို နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ 


အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း အမေရိကန်ပြည် ထောင်စုနှင့် နျူကလီးယားဆွေးနွေးပွဲများ ဆိုင်းငံ့ခဲ့သောကြောင့် လွှတ်တော်အစည်းအဝေးမှာ သံခင်းတမန် ခင်းတွင် အပြောင်းအလဲတစ်ရပ်ကို ပြုလုပ်ခြင်းရှိ မရှိ ဆွေးနွေးမည်ဖြစ်သည်။ 


ယခုလ ၂၀ ရက်အထိ ဆက်လက်ပြုလုပ်မည့် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပေါ် ကင်ဂျုံအန်းက အရှိန်မြှင့် အတိုက်အခံပြုလုပ်လျက်ရှိသည်။


ပြီးခဲ့သည့် ဇူလိုင်လနောက်ပိုင်း ကင်ဂျုံအန်၏ ကြီးကြပ်မှုနှင့်အတူ တာတိုတိုက်ချင်းပစ်ပစ်ဒုံးကျည် စမ်းသပ်မှုများကို မြောက်ကိုရီးယားနိုင်ငံက ထပ်တလဲလဲ  ပြုလုပ်ခဲ့သည်။ 


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်