မြောက်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပထမအကြိမ်ဖြစ်ပွား

မေ ၁၂

 

မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီက  နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီးနောက် အမြင့်ဆုံးအရေးပေါ်အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

 

မြို့တော်ပြုံယမ်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ပထမဦးဆုံးတွေ့ရှိကြောင်း ယမန်နေ့က အတည်ပြုခဲ့ကြောင်း ကိုရီးယားစင်ထရယ်နယူးစ်အေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

 

နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်တက်ရောက်သော အာဏာရပါတီ၏ နိုင်ငံရေးဗျူရိုအစည်းအဝေးတစ်ခုတွင် အမြင့်ဆုံး အရေးပေါ်ဗိုင်းရပ်စ်ကူးစက်မှု ကန့်သတ်ထိန်းချုပ်ရေးစနစ် အကောင်အထည်ဖော်ရန်ဆုံးဖြတ်ခဲ့သည်ဟု ထိုသတင်းအေဂျင်စီ က ပြောကြားသည်။

 

ယင်းသို့ဆုံးဖြတ်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် အသိအမှတ်ပြုခြင်းဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို