မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားအဆောက်အဦသစ် တွေ့ရှိဟု  38 North အဖွဲ့ပြော

၂၀ ဒီဇင်ဘာ

 

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ရာနယ်မြေတစ်ခုတွင် လှုပ်ရှားမှုအသစ်ကို တွေ့ရှိခဲ့ကြောင်း အမေရိကန်သုတေသနအဖွဲ့က ပြောကြားခဲ့သည်။ 

 

မြောက်ကိုရီးယားနိုင်ငံသည် ယခုလအစောပိုင်းကလည်း အဆိုပါနယ်မြေ၌ အလွန်အရေးပါသည့် စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာခဲ့ချိန်တွင် အမေရိကန်သုတေသန အဖွဲ့က အဆိုပါ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်သုတေသနအဖွဲ့ 38 North သည် ယမန်နေ့က ဆိုဟေးဂြိုလ်တုလွှတ်တင်ရေးစခန်းဆိုင်ရာ နောက်ဆုံးရ ဆန်းစစ်လေ့လာမှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ရေဒီယို၏ ဂြိုလ်တုဓာတ်ပုံ ပုံရိပ်များအရ အင်ဂျင်စစ်ဆေးမှုအပြီးနောက် ပြန်လည်ဆုတ်ခွာနိုင်သည့် နေရာတစ်ခုကို ပြောင်းလဲနေရာချထားသည်ဟု ဆိုသည်။ 

 

ဓာတ်ပုံများသည် အနီးအနားရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် တပ်များ၏ လှုပ်ရှားမှုကို ညွှန်ပြနေသည်ဟု ဆိုသည်။ 

 

မြောက်ကိုရီးယားနိုင်ငံသည် နောက်ထပ်စမ်းသပ်မှု တစ်ခုပြုလုပ်ရန် ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်ခြင်း ရှိမရှိကို မသိရှိရသေးကြောင်း သုတေသီတစ်ဉီးက အန်အိတ်ချ်ကေသို့ ပြောကြားခဲ့သည်။

 

အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများကိုရုပ်သိမ်းရန် သို့မဟုတ် အခြားလိုက်လျောမှုများကို ပိုမိုပြုလုပ်‌ပေးရန် အမေရိကန်ပြည်ထောင်စုကို မြောက်ကိုရီးယားတောင်းဆိုသည့် အချိန်ကာလ သတ်မှတ်ချက်မှာ အရှိန်ပို၍ မြင့်လာချိန်တွင် ယခုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ ခရစ္စမတ်လက်ဆောင်အဖြစ် ခြိမ်းခြောက်မှုမှာ တာဝေးပစ် ဒုံးကျည်စမ်းသပ်မှု ပြုလုပ်လာနိုင်သည်ဟု ယခုအပတ်အစောပိုင်းတွင်  အမေရိကန်တပ်မှူးတစ်ဦးက  အကြံပြုခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်