မြောက်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း အဖျားရောဂါဖြစ်ပွားသူ နှစ်သိန်းခုနစ်သောင်းနီးပါးထပ်မံတွေ့ရှိ

မေ ၁၇

 

မြောက်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အဖျားရောဂါဖြစ်ပွားသူဦးရေ ၂၆၉၅၀၀ ခန့်ထပ်မံတွေ့ရှိပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း အာဏာရအလုပ်သမားပါတီသတင်းစာ ရိုဒေါင်ဆင်မန်က သတင်းဖော်ပြသည်။

 

အဆိုပါ အဖျားရောဂါဖြစ်ပွားသူဦးရေသည် ပြီးခဲ့သည့်နေ့ကအဖျားရောဂါဖြစ်ပွားသူဦးရေထက် ၁၂၃၄၀၀  လျော့နည်းကြောင်း ထိုသတင်းစာတွင် ဖော်ပြထားသည်။ 

 

ပြီးခဲ့သည့်သီတင်းပတ်က မြောက်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်ပွားကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံးလျော့နည်းကျဆင်းခြင်း ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ဧပြီလနှောင်းပိုင်းကစတင်ကာ အဖျားရောဂါဖြစ်ပွားသူ ၁၄၈၃၀၀၀ ကျော်ရှိပြီး ၅၆ ဦး သေဆုံးခဲ့သည်။ နိုင်ငံအတွင်း လူဦးရေ ၂၅ ဒသမ ၈ သန်းခန့်ရှိသည်ဟု သိရသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အိမ်သုံးဆေးဝါးများလှူဒါန်းခဲ့သည်။ အစိုးရနှင့် အာဏာရပါတီ၏ အဆင့်မြင့်တာဝန်ရှိသူတို့က ဆေးဝါးသိုလှောင်ရာအဆောက်အအုံများနှင့်ဆေးဆိုင်များကို စစ်ဆေးခဲ့ကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို